Uncategorized

လိုင်းပေါ်ကမဆင်းနဲဦး

Breaking News ‼

ဝိုင်းမော် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁) တပ်ရင်းကို KIA သိမ်းပိုက်

“ချေမှုန်းတာပါ။ အလောင်းတွေရပါတယ်။ တချို့ကစဉ့်
ကလျား အမှောင်ကို အကာအကွယ်ယူ ထွက်ပြေးနေပါတယ်” စစ်ရေးသတင်းရင်းမြစ်

▪︎မပခ စစ်တိုင်းအနီးရှိ ဝိုင်းမော်မြို့နယ်ကို KIA အလုံးစုံသိမ်းနိုင်ရန် ခလရ(၅၈)တပ်ရင်းသာကျန်

မေ ၂၁ ရက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှိစစ်ကောင်စီ၏အခိုင်
အမာတပ်စခန်းဖြစ်သည့် ခမရ(၃၂၁)ကို ကချင်လွတ်လပ်
ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယ​နေ့ (​မေ ၂၁)တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း
စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

“ရှင်းလင်း ရေးတွေလုပ်နေပါပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က People’s Spring ကို ပြောသည်။

ခမရ(၃၂၁) တပ်ရင်းကို မေလ ၂၁ရက် ညနေ ၈ နာရီခွဲ
ဝန်းကျင်တွင် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “သေချာသွားပြီ။ တံတားဦးက ဂျက် ၂စီးတောင်ရောက်နေပြီ။ ချေမှုန်းတာပါ။ အလောင်းတွေရပါတယ်။ တချို့ကစဉ့်ကလျား အမှောင်ကို အကာအကွယ်ယူ ထွက်ပြေးနေပါတယ်။ဝိုင်းမော်မြို့မှာခလရ(၅၈) ပဲ ကျန်တော့တယ်။” ဟု ပြောပြသည်။

ခမရ ၃၂၁ တပ်ရင်းအပါအဝင် ဝိုင်းမော်မြို့နယ်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က မေလ ၁၈ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ခမရ(၃၂၁) တပ်
ရင်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၃ခုထက်မနည်းကို စစ်ဆင်ရေး ၄ရက်အတွင်းသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု၍ ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံအချို့ ​သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း​ဒေသခံအချို့ က ပြောသည်။

မြစ်ကြီးနားမြို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီမြစ်ခြားလျက်တည်ရှိသော ဝိုင်း‌မော်မြို့ရှိနောင်ဟီးကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် KIA က အသိပေးထားသည်။ တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ ဝိုင်းမော်မြို့တွင် စစ်ကောင်စီ၏အခိုင်အမာစခန်းအနေဖြင့် ခလရ(၅၈) ကျန်ရှိနေသေးသည်။ ခလရ(၅၈)အနီး ကျေးရွာများမှဒေသခံများကိုလည်း ဘေးလွတ်ရာသို့ ယာယီထွက်ခွာသွားပေးရန် KIA က အသိပေးထားကြောင်း ဒေသခံများထံမှသိရသည်။
People’s Spring

Leave a Reply

Your email address will not be published. Required fields are marked *